မကြာခဏမေးမြန်းသည့်မေးခွန်းများ

ငွေလက်ခံမည်

ငွေကြေးကို လက်ခံရယူရန် မည်မျှကုန်ကျသနည်း။

ဝန်ဆောင်ခများအားလုံးကို ပေးပို့သူမှ ပေးချေရပါသည်။ လက်ခံသူသည် ငွေလွှဲပြောင်းခများ ပေးချေရန်မလိုအပ်ပါ။

ကျွန်ုပ်၏ ငွေလွှဲပြောင်းမှုကို လက်ခံရရှိထားပြီးမပြီး မည်သို့သိရှိနိုင်သနည်း။

သင့်အွန်လိုင်းငွေလွှဲပြောင်းမှုကို သင်ခြေရာခံနိုင်သည်။ သင်လိုအပ်သည်မှာ လက်ခံပြေစာတွင် ဖော်ပြထားသည့် ပေးပို့သူ၏ အမည်နှင့် ခြေရာခံနံပါတ် (MTCN – ငွေလွှဲထိန်းချုပ်မှုနံပါတ်) တို့ဖြစ်သည်။ သင့်ငွေကြေးလွှဲပြောင်းမှု၏ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍လည်း သင့်အား အပ်ဒိတ်ပြုလုပ်မည်ဖြစ်သည်။

Westernunion.com သုံးစွဲသူကူညီရေးသို့လည်း ဆက်သွယ်နိုင်ပါသည်။

 

ကျွန်ုပ်၏ငွေလက်ခံသူသည် ငွေလွှဲကိုထုတ်ယူရန် ဘာကိုလိုအပ်ပါသလဲ။

သင်၏ငွေလက်ခံသူသည် ကျွန်ုပ်တို့၏ မည်သည့် ကိုယ်စားလှယ်ရုံးတွင်မဆို ၎င်းတို့၏ပိုက်ဆံကို ထုတ်ယူနိုင်ပါသည်။ င်းတို့သညဖော်ပြပါတို့ကိုသာ ဖော်ပြပေးရနလိုအပ်ပါသည်- 

  • ခြေရာခံ နံပါတ် (MTCN) 
  • ငွေပေးပို့သူနှင့် ငွေလက်ခံသူတို့၏ အမည်အပြည့်အစုံ
  • မျှော်မှန်းထားသောပမာဏ
  • သင့်အစိုးရကထုတ်ပေးသော ဓာတ်ပုံ ID
  • ငွေပေးပို့သူနိုင်ငံနှင့် ပြည်နယ်/မြို့/စီရင်စု  

 

Western Union အေးဂျင့်သည် ငွေလွှဲပြောင်းမှုကို မည်သို့ထုတ်ပေးသနည်း။

ငွေသားထုတ်ယူမှုအတွက် ပေးပို့ထားသည့် ငွေလွှဲပြောင်းမှုများကို ယေဘုယျအားဖြင့် ငွေသားထုတ်ပေးပါသည်။ ပေးပို့သူများသည် လက်ခံသူ၏ ဘဏ်အကောင့် သို့မဟုတ် သတ်မှတ်ထားသည့် နိုင်ငံများရှိ မိုဘိုင်းလ် ပိုက်ဆံအိတ် (eWallet) ထဲသို့ ပေးပို့ရန်လည်း ရွေးချယ်နိုင်သည်။
 

ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး နောက်ထပ် အချက်အလက်များ ရရှိရန် Western Union ကိုယ်စားလှယ်တစ်ဦးထံ ဆက်သွယ်ပါ သို့မဟုတ် Westernunion.com သုံးစွဲသူကူညီရေးသို့ ဆက်သွယ်နိုင်သည်။

ဂျပန်နိုင်ငံတွင် ငွေထုတ်ယူရန် ကျွန်ုပ် ဘာလိုအပ်သနည်း။

ငွေသားဖြင့် ထုတ်ယူမှုများအတွက် Western Union အေးဂျင့်တည်နေရာတစ်ခုခုသို့ သွားရောက်နိုင်ပါသည်။ သင်သည် အောက်ပါအချက်အလက်များ ပေးအပ်ရန် လိုအပ်မည်ဖြစ်ပါသည်-
  • အမည်
  • လိပ်စာ
  • မျှော်မှန်းထားသည့် ပမာဏ
  • ပေးပို့သူ၏ အမည်
  • ငွေပေးပို့သည့် မြို့နှင့် ကောင်တီ
  • သင့်ခြေရာခံနံပါတ် (MTCN)
  • သင်သည် ငွေလက်ခံထုတ်ယူသည့်အခါ နိုင်ငံကူးလက်မှတ်၊ ယာဉ်မောင်းလိုင်စင်၊ My Number ကတ်၊ သို့မဟုတ် နေထိုင်ခွင့်ကတ်ကဲ့သို့သော အစိုးရအဖွဲ့အစည်းမှထုတ်ပေးသော မှန်ကန်သည့် ဓာတ်ပုံ ID ကို တင်ပြရန် လိုအပ်မည်ဖြစ်သည်။

လက်ခံနိုင်သည့် ID များကို ဂျပန်နိုင်ငံ၏ ဘဏ်ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်းကွပ်ကဲပါသည်။