မကြာခဏမေးမြန်းသည့်မေးခွန်းများ

စာရင်းသွင်းမှုနှင့် ပရိုဖိုင်ဆက်တင်

ကျွန်ုပ်က လက်ရှိ DSK အသုံးပြုသူတစ်ဦးဖြစ်ပါက Western Union တွင် ကျွန်ုပ်၏ ပရိုဖိုင်ကို ဘယ်လို ဖန်တီးရမလဲ။

Western Union တွင် သင်၏ ပရိုဖိုင်ကို ဖန်တီးရန် ဤလွယ်ကူသော အဆင့်များအတိုင်း လုပ်ဆောင်ပါ-

1. westernunion.com သို့ သွားပါ။

2. ဝင်ရောက်မည်ကို ရွေးပြီးနောက် ကျွန်ုပ်၏ အချက်အလက်များကို ရှာမည်ကို ရွေးပါ။

3. သင်၏ မွေးသက္ကရာဇ်နှင့် မိုဘိုင်းနံပါတ်ကို ထည့်ပါ။

4. သင့်အထောက်အထား စာရွက်စာတမ်း၏ နောက်ဆုံးစာလုံး 4 လုံးကို ထည့်ပါ။ တစ်နည်းအားဖြင့် သင်၏ မိုဘိုင်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာကို အသုံးပြု၍ စိစစ်အတည်ပြုရန်လည်း ရွေးချယ်နိုင်ပါသည်။

5. သင့်ပရိုဖိုင်အတွက် စကားဝှက်တစ်ခု ဖန်တီးပါ။

သင့်ပရိုဖိုင်ကို ဖန်တီးထားပြီး အွန်လိုင်းတွင် ငွေပို့ခြင်းကို သင်စတင်နိုင်ပါသည်။

Western Union ၏ အွန်လိုင်းဝန်ဆောင်မှုများအတွက် ပရိုဖိုင်ကို မှတ်ပုံတင်ရန် မည်မျှကုန်ကျမည်ဖြစ်သနည်း။

မှတ်ပုံတင်ခြင်းကို အခမဲ့ပြုလုပ်နိုင်ပါသည်။

ကျွန်ု၏ ဝင်ရောက်မှုအီးမေးလ်နှင့် စကားဝှက်ကို ပြောင်းလဲလိုပါက ဘာလုပ်ရမလဲ။

သင် ဝင်ရောက်ပြီးသည့်နောက်တွင် “Profile overview” (ပရိုဖိုင်အကျဉ်းချုပ်) ၌ သင့်စကားဝှက်ကို သင်ပြောင်းလဲနိုင်ပါသည်။ ညာဘက်ရှိ မီနူးမှ “Edit profile” (ပရိုဖိုင် ပြင်ဆင်မည်) ရွေးချယ်ပြီး သင့်စကားဝှက်ကို ပြောင်းလဲနိုင်သည်။

အွန်လိုင်းမှတ်ပုံတင်ခြင်းအတွက် အီးမေးလ်လိပ်စာတစ်ခုသာ အသုံးပြုနိုင်သည်။ သင့်အီးမေးလ်ကို အတည်ပြုပြီးနောက် ၎င်းကို ပြောင်းလဲမရနိုင်တော့ပါ။

Western Union အက်ပ် သို့မဟုတ် wu.com ကို အသုံးပြု၍ အွန်လိုင်းမှ မည်သို့ မှတ်ပုံတင်ရမည်နည်း။

ကျွန်ုပ်တို့ အွန်လိုင်းငွေလွှဲပြောင်းဝန်ဆောင်မှုများအတွက် မှတ်ပုံတင်ရန်လိုအပ်ပြီး ၎င်းကို Western Union အက်ပ် သို့မဟုတ် wu.com မှတဆင့် ပြုလုပ်နိုင်သည်။ သင်သည် ပရိုဖိုင် မှတ်ပုံတင်ပုံစံ ကို ဖြည့်စွက်ပြီး ဤအဆင့်များအတိုင်း ပြုလုပ်ရမည်ဖြစ်သည်-
  1. ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်၊ လိပ်စာနှင့် မွေးရက်သာမက မွေးဖွားရာနိုင်ငံ၊ အလုပ်အကိုင်နှင့် ဖုန်းနံပါတ်အပါအဝင် သင့် My Number အချက်အလက်ကို ပေးပို့ပါ။ သင်ပေးပို့သည့် ကိုယ်ရေးအချက်အလက်များသည် သင့် My Number ကတ်ပါအချက်အလက်များနှင့် ကိုက်ညီမှုရှိကြောင်း သေချာပါစေ။
  2. ကျွန်ုပ်တို့ ဝန်ဆောင်မှု၏ စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များနှင့်အညီ ကျွန်ုပ်တို့ ကိုယ်ရေးလုံခြုံမှု ‌ဖော်ြပချက်ကို သဘောတူပေးပါ။
  3. သင်သည် ဂျပန်နိုင်ငံတွင် အခြေစိုက်နေထိုင်သူဖြစ်လျှင် သင့် My Number ကတ်၏ စကန်ဖတ်ထားသောမိတ္တူကိုဖြစ်စေ၊ ပြည်ပနိုင်ငံသား အခြေစိုက်နေထိုင်သူဖြစ်လျှင် သင့် My Number ကတ်နှင့် Residence Card (နေထိုင်ခွင့်ကတ်) နှစ်ခုလုံးကိုဖြစ်စေ အပ်လုဒ်လုပ်ရမည်ဖြစ်သည်။
  4. ဤအချက်အလက်ကို သင်ပေးပို့ပြီးသည်နှင့် သင့်အထောက်အထားကို အတည်ပြုရန် ကျွန်ုပ်တို့ စိစစ်မည်ဖြစ်ပါသည်။ အထောက်အထား စိစစ်အတည်ပြုခြင်းပြီးစီးသည့်အခါ သင့်ပထမအကြိမ် ငွေလွှဲပြောင်းမှုကို ပြီးစီးအောင်လုပ်ဆောင်မည်ဖြစ်သည်။ သင်သည် အီးမေးလ်အသိပေးချက်ကိုလည်း ရရှိမည်ဖြစ်သည်။ သင်နောက်တစ်ကြိမ် အွန်လိုင်းမှ ငွေလွှဲသည့်အခါ သင်၏ စာပို့ရန်လိပ်စာအား သင်ပေးပို့ထားသည့် လိပ်စာဖြင့်ပေးပို့မည်ဖြစ်သည် ဂဏန်း 4 လုံးပါသော PIN (ပင်နံပါတ်) နှင့်အတူ အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။ PIN (ပင်နံပါတ်) မှတဆင့် သင့် ပရိုဖိုင်ကို အတည်ပြုပြီးသည်နှင့် သင်သည် ငွေလွှဲတစ်ခုလျှင် — 100,000 JPY အထိ အွန်လိုင်းမှ ငွေပေးပို့နိုင်မည်ဖြစ်သလို 24 နာရီအတွင်း ငွေလွှဲပြောင်းမှု 3 ကြိမ်အထိ အများဆုံးပြုလုပ်နိုင်ပါမည်။

အတည်ပြုပြီးသည့် ပရိုဖိုင်ဖြစ်လာရန်အတွက် သင့်အထောက်အထား စိစစ်အတည်ပြုခြင်းကို ပြီးစီးအောင်လုပ်ဆောင်ရန်အတွက် ကြည့်ရှုပါ ကျွန်ုပ်၏ ပရိုဖိုင်ကို မည်သို့အတည်ပြုရမည်နည်း သို့မဟုတ် ကျွန်ုပ်၏ အထောက်အထား စိစစ်အတည်ပြုမှုကို ပြီးစီးအောင်မည်သို့ လုပ်ဆောင်ရမည်နည်း။

ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး နောက်ထပ် အချက်အလက်များ ရရှိရန် Western Union ကိုယ်စားလှယ်တစ်ဦးထံ ဆက်သွယ်ပါ သို့မဟုတ် Westernunion.com သုံးစွဲသူကူညီရေးသို့ ဆက်သွယ်နိုင်သည်။

 

အကြိမ်မည်မျှ မှတ်ပုံတင်နိုင်သလဲ။

မှန်ကန်သည့် အထောက်အထားပြု စာရွက်စာတမ်းနှင့် အီးမေးလ်လိပ်စာကို အသုံးပြုပြီး တစ်ကြိမ်တည်းသာ မှတ်ပုံတင်နိုင်ပါသည်။

န်ုပ်၏ ပရိုဖိုင် ကိုယ်ရေးလုံခြုံမှုနှင့် မားကတ်တင်း ဆက်တင်များကို ဘယ်လိုပြောင်းရမှာပါလဲ။

  1. ဝဘ်ဆိုက်တွင်၊ သင့် Western Union ပရိုဖိုင်ထံ ဝင်ရောက်ပါ။
  2. မီနျူး အိုင်ကွန်ကို နှိပ်ကာ ကျလာသည့်အရာထဲမဆက်တင်များကို ရွေးပါ။
  3. အချက်အလက်မျှဝေခြင်း အပိုင်းတွင်၊ အမှန်ခြစ်ဘောက်စ်ကို ရွေးပါ။
  4. ပြောင်းလဲမှုများကို သိမ်းပါကို ရွေးပါ။ 

ကျွန်ုပ်၏ Western Union ပရိုဖိုင်ထံ ဘယ်လို ဝင်ရောက်ရမှာပါလဲ။

သင်၏ Western Union ပရိုဖိုင်ထံ ဝင်ရောက်ရန် အောက်ပါအဆင့်များကို လိုက်နာပေးပါ- 

  1. လော့အင်ဝင်ပါကို ရွေးပါ။
  2. သင်၏ စာရင်းသွင်းအီးမေးလ်လိပ်စာနှင့် စကားဝှက်ကို ထည့်ပါ။ 
  3. ဆက်လုပ်ရနဆက်လုပ်ပ သို့မဟုတလော့အင်ဝင်ပါကို ရွေးပါ။  

သင့်စကားဝှက်ကို မေ့သွားပါကစကားဝှကမေ့နေသည်ကို ရွေးခြင်းဖြင့် ပြန်သတ်မှတ်နိုင်ပါသည်။  

ကျွန်ုပ်၏ စာတိုက်လိပ်စာနှင့် ဖုန်းနံပါတ်ကို ဘယ်လိုမျိုး အပ်ဒိတ်လုပ်ရမှာပါလဲ။

သင်၏ စာတိုက်လိပ်စာနှင့် ဖုန်းနံပါတ်ကို အပ်ဒိတ်လုပ်ရနဤအဆင့်များကို လိုက်နာပါ- 

  1. သင့်ပရိုဖိုင်ကို ဝင်ရောက်ပါ။ 
  2. ထိပ်ဆုံးရှိ မီနျူးထံမသင့်အမည်ကို ရွေးပါ။
  3. သင်၏ စာတိုက်လိပ်စာနှင့် ဖုန်းနံပါတအသစ်ကို ထည့်ပါ။
  4. ပြောင်းလဲမှုများကို အတည်ပြုရနသိမ်းပ သို့မဟုတအပ်ဒိတ်လုပ်ပါကို ရွေးပါ။ 

 

ကျွန်ုပ်ရဲ့ပရိုဖိုင်ကို ဘယ်လိုဖျက်ပစ်ရမှာပါလဲ။

သင်ထွက်သွားမည်ကို သိရသောကြောင့် စိတ်မကောင်းဖြစ်မိပါသည်။ ဤအဆင့်ကို လုပ်ဆောင်ခြင်းဖြင့် သင်၏ ရှိထားသော MyWU ပွိုင့်များ (ရှိထားပါက) ကို ဆုံးရှုံးမည်ဖြစ်ကာ သင်၏ ပြီးသွားသော ငွေလွှဲ မှတ်တမ်းကို ဖျက်ပစ်လိမ့်မည်ဖြစ်သည်ကို မှတ်သားပေးပါ။ သင့်ပရိုဖိုင်ကို ဖျက်ပစ်ရန်၊ ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှုထံ ဖုန်းခေါ်ပါ။ 

Western Union နဲ့ ဘယ်လိုမျိုး စာရင်းသွင်းရမှာပါလဲ။

သင်က အသုံးပြုသူအသစ်ဖြစ်ပါကသင်သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက် သို့မဟုတမိုဘိုင်းအက်ပ် ထံမှတစ်ဆင့် Western Union ဖြင့် စာရင်းသွင်းနိုင်ပါသည်။ 

 ကျွန်ုပ်တို့၏ ဝဘ်ဆိုက် သို့မဟုတ် အက်ပ်တွင် စာရင်းသွင်းရန် အဆင့်များ-  

  1. ယခုပါဝင်ပါကို ရွေးပါ။
  2. လိုအပ်သော အသေးစိတ်အချက်များကို ထည့်ပါ။
  3. သင့်အီးမေးလ်လိပ်စာကို စစ်ဆေးအတည်ပြုပါ။
  4. သင့်ပရိုဖိုင်အသစ်ထံ ဝင်ရောက်ပါ 

ကျွန်ုပ်ရဲ့စကားဝှက်ကို ဘယ်လိုပြောင်းရမှာပါလဲ။

သင့်စကားဝှက်ကို ပြောင်းလဲရနအောက်ပါအဆင့်များကို လိုက်နာပါ-   

  1. သင့်ပရိုဖိုင်ထံ ဝင်ရောက်ပါ
  2. စကားဝှကပြန်လည်သတ်မှတ်ရန်ကို ရွေးပါ။
  3. စကားဝှက်အသစ်ထည့်ကာ သိမ်းပါကို ရွေးပါ။ 

 ကျွန်ုပ်၏ အွန်လိုင်း ပရိုဖိုင်ကို ဘယ်လို အပြီးသတ်နိုင်ပါသလဲ။

သင့်အွန်လိုင်း ပရိုဖိုင်ကို အပြီးသတ်ရန် ဤအဆင့်များအတိုင်း လုပ်ဆောင်ပါ-

  1. သင့်ပရိုဖိုင်အသစ်သို့ ဝင်ရောက်ပါ။
  2. အမည်ပထမစာလုံး၊ အမည်နောက်ဆုံးစာလုံး၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ အိမ်လိပ်စာ၊ နိုင်ငံသားနှင့် မွေးဖွားရာ နိုင်ငံတို့ အပါအဝင် သင်၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြပါ။
  3. ဆက်လုပ်မည်ကို ရွေးပါ။

သင့်ပရိုဖိုင်ကို အပြီးသတ်ပြီးနောက် သင့်အထောက်အထားကို စိစစ်အတည်ပြုရန် လိုအပ်ပါသည်။

 

 

ကျွန်ုပ်၏ Western Union အွန်လိုင်းပရိုဖိုင်ကို မည်သို့ ပယ်ဖျက်နိုင်သနည်း။

ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ပေးပါ။

 

ကျွန်ုပ်၏ အသုံးပြုသူ ID၊ ဝင်ရောက်မှုစကားဝှက်ကို မေ့သွားလျှင်ဖြစ်စေ၊ မှားယွင်းသည့် အသေးစိတ်အချက်များကို အကြိမ်ကြိမ် ရိုက်ထည့်ထားမိလျှင်ဖြစ်စေ ကျွန်ုပ်ဘာလုပ်ရမလဲ။

သင့်အသုံးပြုသူ ID သည် သင့်အီးမေးလ်လိပ်စာဖြစ်ပါသည်။

သင့်စကားဝှက်ကို သင်မေ့သွားလျှင် “Forgot password” (စကားဝှက်မေ့သွားသည်) ရွေးချယ်စရာကို နှိပ်ပါက စကားဝှက်သစ်တစ်ခုကို သင့်အီးမေးလ်သို့ ပေးပို့မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ Westernunion.com သုံးစွဲသူကူညီရေးသို့လည်း သင်ဆက်သွယ်နိုင်ပါသည်။

မည်သူတို့သည် မှတ်ပုံတင်ပြီး အွန်လိုင်းမှ ငွေပေးပို့နိုင်သနည်း။

အောက်ပါ သတ်မှတ်ချက်များနှင့်ပြည့်စုံသည့် မည်သူမဆိုသည် ကျွန်ုပ်တို့၏ အွန်လိုင်းဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်-
  • မှန်ကန်သည့် ကိုယ်ပိုင် My Number ကတ် (ဓာတ်ပုံနှင့်အတူ)ရှိရမည်ဖြစ်လို ပြည်ပနိုင်ငံသား အခြေစိုက်နေထိုင်သူဖြစ်လျှင် နေထိုင်ခွင့်ကတ်ရှိရန်လိုအပ်သည်
  • အနည်းဆုံး အသက် 18 နှစ်ပြည့်ပြီးဖြစ်ရမည်
  • ကျွန်ုပ်တို့ ဝန်ဆောင်မှုအား အသုံးပြုခြင်းအတွက် စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကို လက်ခံရမည်
  • မှန်ကန်သည့် အီးမေးလ်လိပ်စာ ရှိရမည်
  • မှန်ကန်သည့် ဖုန်းနံပါတ် ရှိရမည်
  • ဂျပန်နိုင်ငံတွင် ဘဏ်အကောင့်ရှိထားရမည်
 

ကျွန်ုပ် Western Union ပရိုဖိုင်ကို မည်သို့ ပြောင်းလဲနိုင်မည်နည်း သို့မဟုတ် ပြင်ဆင်နိုင်မည်နည်း။

Western Union အက်ပ် သို့မဟုတ် www.westernunion.com သို့ ဝင်ရောက်ပြီးသည့်နောက် “Profile overview” (ပရိုဖိုင်အကျဉ်းဖော်ပြချက်) တက်ဘ်မှနေ၍ သင့် Western Union ပရိုဖိုင်အချက်အလက်ကို ပြောင်းလဲနိုင်သည် သို့မဟုတ် အပ်ဒိတ်လုပ်နိုင်သည်။
 

သင့်အထောက်အထားကို အတည်ပြုပြီးသည့်နောက်တွင် သင့်ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်၊ မွေးရက်၊ နှင့် နိုင်ငံသားဖြစ်မှု အချက်အလက်များကို ပြောင်းလဲမရနိုင်ပါ။ သင့်အထောက်အထားကို စိစစ်အတည်ပြုပြီးနောက် ဤအချက်အလက်များကို သင်ပြောင်းလဲရန် လိုအပ်ပါက Westernunion.com သုံးစွဲသူကူညီရေးသို့ ဆက်သွယ်ပါ။